ကိုရိုနာ ဗိုင်းရပ်စ်

လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ အ​ခြေခံလူတန်းစားများအား စား​သောက်ကုန် ၅မျိုး ​ထောက်ပံ့

ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်
……………………………………………….

၁၆.၄.၂၀၂၀ရက်နေ့၊ (၀၇၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကျေးရွာအုပ်စု (၁၁)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၃၁၁၀)စု၊ ပိုင်ကျုံမြို့၊ ကျေးရွာအုပ်စု(၈)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၀၁၅)စု၊ ရှမ်းရွာသစ်မြို့၊ ကျေးရွာအုပ်စု(၄)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု (၄၇၆)စု၊ စုစုပေါင်းအိမ်ထောင်စု (၄၆၀၁)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အဆင့် Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ မြိုနယ်အုပ်ချပ်ရေးမှူး ဦးမင်းသိန်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button