
ကိုရိုနာ ဗိုင်းရပ်စ်
ကျွန်းလှမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၅)အုပ်စုတွင်ရှိသော အခြေခံလူတန်းစား(၄၁၀၄)စု အိမ်ထောင်စုစုပေါင်း(၇၅၇၃)စုအား အခြေခံစားကုန် ၅မျိုး အိမ်တိုင်ရာရောက်စနစ်ဖြင့်စနစ်တကျဖြန့်ဝေ
ကျွန်းလှမြို့နယ်အနေဖြင့် (၁၆.၄.၂၀၂၀)ရက်နေ့ကျွန်းလှဘူတာတွင် ကျန်းမာရေးအခြေအနေစစ်ဆေးပေးခြင်း၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏စီမံမှုဖြင့်ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းလူစုလူဝေးမဖြစ်စေရေးမြို့နယ်အဆင့်ဌာနဆိုင်ရာများအားရပ်ကွက်/ကျေးရွာအုပ်စုများအလိုက်ကြီးကြပ်ရေးအဖြစ်တာဝန်ပေးအပ်ပြီးအခြေခံစားကုန်များအားအိမ်တိုင်ရာရောက်စနစ်ဖြင့်စနစ်တကျဖြန့်ဝေဆောင်ရွက်ခြင်းကိုစီမံဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်တွင်အခြေခံလူတန်းစားအိမ်ထောင်စု(၇၅၇၃) အိမ်ထောင်စုရှိသည့်အနက်(၁၆.၄.၂၀၂၀)ရက်နေ့တွင်အခြေခံစားကုန်(၅)မျိုးကို ရပ်ကွက်/ကျေးရွာအုပ်စု(၁၅)အုပ်စုတွင်ရှိသောအခြေခံလူတန်းစား(၄၁၀၄)စု အိမ်ထောင်စုစုပေါင်း(၇၅၇၃)စုအား အိမ်တိုင်ရာရောက်စနစ်ဖြင့်စနစ်တကျဖြန့်ဝေပြီးစီးပါသည်။