
လှိုင်းဘွဲ့မြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုပေါင်း(၁၄၄၄၀)စုအား သတ်မှတ်ယူနစ်များအတိုင်းထောက်ပံ့
ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်
………………………………………
၁၇.၄.၂၀၂၀ရက်နေ့၊ (၀၇၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ ကျေးရွာအုပ်စု (၅)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၁၀၁၆)စု၊ ပိုင်ကျုံမြို့၊ ကျေးရွာအုပ်စု(၆)စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၅၀၆)စု၊ စုစုပေါင်းအိမ်ထောင်စု (၂၅၂၂)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ မြို့နယ်အဆင့် Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ မြိုနယ်အုပ်ချပ်ရေးမှူး ဦးမင်းသိန်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။
(၁၇. ၄. ၂၀၂၀)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်အတွင်းပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုပေါင်း(၁၄၄၄၀)စုအား သတ်မှတ်ယူနစ်များအတိုင်းထောက်ပံ့ပြီးဖြစ်ပါသည်။