
ကိုရိုနာ ဗိုင်းရပ်စ်
သရက်မြို့နယ်၌ ယာယီဈေး ဖွင့်လှစ် ရောင်းချနိုင်ရန် စီစဥ်
သရက်မြို့နယ် နေ့စဥ် စားသောက်ကုန်ရောင်းချနေသော ပျံကျစျေးရောင်းချသူများနှင့် စျေး၀ယ်သူများ COVID-19 ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရန်အတွက် သရက်မြို့ ၊ မြောက်မင်းတည်းရပ်ကွက် ဗိုလ်ချုပ်အားကစားကွင်းအတွင်း စျေးရောင်းချစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော် ၊ စည်ပင်အမှုဆောင်အရာရှိ ဦးမျိုး၀င်းတို့ မှ ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။