
တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ covid 19 ရောဂါနှင့်ပတ်သက်၍ ပန်ကြားချက်အား အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြ
၁၈.၄.၂၀၂၀ ရက်နေ့တွင် မြို့နယ်အဆင့် covid 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မနဥ ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များဖြင့် တနိုင်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ covid 19 ရောဂါနှင့်ပတ်သက်၍ ပန်ကြားချက်အား အသံချဲ့စက်ဖြင့် လှည့်လည်ဆော်သြခြင်း၊ စျေးရောင်း/စျေးဝယ်သူများ အားလုံး mask တပ်ဆင်ပြီး ဖွင့်လှစ်ရောင်း/ဝယ်ရန်နှင့် mask များအား ဖြန့်ဝေပေးခြင်း၊ရပ်ကွက်/ကျေးရွာနေ ပြည်သူများအားလုံး အရေးကြီးအကြောင်းကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာမှုမရှိစေရေးနှင့် လိုအပ်ချက်အရ နေအိမ်ပြင်ပသို့ သွားရောက်ရပါက mask တပ်ဆင်ပြီးမှသာ သွားရောက်စေရေး လက်ကမ်းစာစောင်များအား တစ်လမ်းဝင် တစ်လမ်းထွက် အသိပညာပေး၍ လိုက်လံဖြန့်ဝေလျက်ရှိပါသည်။