ကိုရိုနာ ဗိုင်းရပ်စ်
မြစ်သားမြို့နယ် တွင် မြို့ဝင်မြို့ထွက် ဝင်ထွက်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အမည်/သွားရောက်မည့် နေရာ/လိပ်စာ စစ်ဆေး
၁၈-၄-၂၀၂၀ ရက်နေ့ ၀၉၀၀ အချိန်မှစတင်၍ မြစ်သားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုး(မြို့နယ်SRT ဥက္ကဌ) သည် မြို့အဝင်ဂိတ်(၃)ဂိတ်ရှိ တာဝန်ကျ မြန်မာနိုင်ငံရဲတပ်ဖွဲ့/ လဝက/ မြို့နယ်SRT အဖွဲ့များ/မြို့နယ် ကျန်းမာရေး/ မြို့နယ်ကိုယ်စားပြုသဘာဝဘေးအန္တရာယ်ကာကွယ်၊ကူညီ၊ထောက်ပံ့ရေးအဖွဲ့/ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ/ အရန်မီးသတ်တပ်ဖွဲ့မှူးတို့နှင့်အတူမြို့ဝင်မြို့ထွက် ဝင်ထွက်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အမည်/သွားရောက်မည့် နေရာ/လိပ်စာ စစ်ဆေးခြင်း ဆောင်ရွက်နေမှုများအား ကြီးကြပ်ဆောင်ဆောင်ရွက်ခဲ့ပါသည်။