
ကိုရိုနာ ဗိုင်းရပ်စ်
ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာ ကျန်းမာရေး အခြေအနေစစ်ဆေး
(၁၉.၄.၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်အနေဖြင့် ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာ ကျန်းမာရေး အခြေအနေစစ်ဆေးဆောင်ရွက်ခြင်း၊ မြို့ပေါ်ရှိ(CBFQ)ထားရှိသည့်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်း၊ (၁၈.၄.၂၀၂၀)ရက်နေ့မှကျွန်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှထုတ်ပြန်ခဲ့သော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၄၄အမိန့်အမှတ်၄/၂၀၂၀အားပြည်သူများသိရှိလိုက်နာစေရေး ထပ်တလဲလဲ အသိပေးဆောင်ရွက်မှုများဆောင်ရွက်ခြင်း၊ မြို့နယ်စီ/ခန့်ဥက္ကဌဦးသက်ထားမောင်သည် (CBFQ)ထားရှိသည့်နေရာများနှင့်မြို့အဝင်ဂိတ်နေရာအားသွားရောက်ကြည့်ရှုခြင်းများဆောင်ရွက်ခဲ့ပါသည်။