ကိုရိုနာ ဗိုင်းရပ်စ်

ကွတ်ခိုင်မြို့နယ်အတွင်း covid-19 ကာကွယ်​ရေး ​ဆောင်ရွက်မှု မှတ်တမ်း

၁၉-၄-၂၀၂၀​ရက်​နေ့ ကွတ်ခိုင်မြို့နယ်အတွင်း covid-19​ရောဂါကြိုတင်
ကာကွယ်​ရေးလုပ်ငန်းနှင့် ပတ်သက်၍ မြို့မ​စျေးကြီးနှင့်ရပ်ကွက်၃ပျံကျ
​စျေးသည်များအား ရပ်ကွက်၄ ​ရေထွက်ဦးပန်းခြံ​စျေးအတွင်းသို့ စနစ်တကျ
​ပြောင်း​ရွှေ့​ရောင်းချ​ရေး အတွက် မြို့နယ်စည်ပင်​ကော်မတီနှင့် covid-19
​ကော်မတီနှင့်သွား​ရောက်ကြီးကြပ် ​ဆောင်ရွက်ခြင်း၊ ကွတ်ခိုင်မြို့OHCမှ
​အောင်ချမ်းသာထမင်းဆိုင် အထိ ပြည်​ထောင်စုလမ်းမကြီးတစ်​လျှောက် မြို့နယ်
မီးသတ်ဦးစီးဌာနမှ ပိုးသတ်​ဆေးဖြန်းခြင်းလုပ်ငန်းများ ကြီးကြပ်ခြင်း၊ မြို့နယ်
အုပ်ချုပ်​ရေးမှူးရုံးခန်း၌ မြို့​ပေါ်ရပ်ကွက် ၈ ရပ်ကွက်မှအုပ်ချုပ်​ရေးမှူးများနှင့်
အစည်းအ​ဝေးပြုလုပ်ရာ ပြည်ပသို့သွား​ရောက်အလုပ်လုပ်ကိုင်၍ ပြန်လည်
ဝင်​ရောက်လာချိန် သက်ဆိုင်ရာသို့ အသိ​မပေးအ​ကြောင်းမကြားဘဲ ရပ်ကွက်အတွင်း ရှိလာနိုင်သဖြင့် သက်ဆိုင်ရာ ရပ်ကွက်/​ကျေးရွာအုပ်စုအလိုက် volunteerအဖွဲ့များနှင့် ပူး​ပေါင်း၍ သတင်းရယူစိစစ်​ရေးအဖွဲ့များ ဖွဲ့စည်း
​ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button