
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားထိပ်တွင် မကွေးတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာသည့် ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေး အတွက်ကျန်းမာရေးစစ်ဆေး
(၁၉-၄-၂၀၂၀)ရက်နေ့တွင်ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးစံပြကျေးရွာ၊ ဆင်ဖြူရှင်တံတားထိပ်တွင် ထွေ/အုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စိမ်း/စိုဝန်ထမ်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးဘက်မှဝင်ရောက်လာသည့်ခရီးသည်များအားCovid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးစစ်ဆေးမှုများနှင့် အမည်စာရင်းများပြုစုထားပါသည်။