
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားလမ်း)တွင် ဈေးသည်နှင့် ဈေးဝယ်သူများ (၃)ပေအကွာအဝေးမှ ဝယ်ယူ ရောင်းချရေးဆောင်ရွက်
၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၀ရက်နေ့ နံနက်(၀၉၃၀)နာရီအချိန်တွင် မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးညီညီလွင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇော်ဇော်ထွန်းတို့နှင့်အတူ မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားလမ်း)တွင် ဈေးသည်နှင့် ဈေးဝယ်သူများ (၃)ပေအကွာအဝေးမှ ဝယ်ယူ ရောင်းချရေးဆောင်ရွက်မှု၊ ဈေးသည်၊ဈေးဝယ်များအားလုံး Mask တပ်ဆင်မှုရှိမရှိ အခြေအနေအား ကြည့်ရှုစစ်ဆေး အသိ ပညာပေးဆောင်ရွက်ခဲ့ကြပါသည်။