ကိုရိုနာ ဗိုင်းရပ်စ်

​တောင်တွင်းကြီးမြို့နယ်တွင် FQ ၂၁ရက်ပြည့်ပြီးသူများအား ​ထောက်ခံချက်​လက်မှတ်ပေးအပ်

( ၂၀.၄. ၂၀၂၀) ရက်နေ့ ၊ နံနက် ( ၀၉၁၅ ) အချိန်ခန့် တောင်တွင်းကြီးမြို့ ၊ တောင်ပြင်(၁)ရပ်ကွက် ၊ အထက(၁) အတွင်းရှိ ပြည်ပ နှင့် နယ်စပ်ဒေသများမှ မိမိဒေသသို့ ပြန်လည်ရောက်ရှိလာသည့် ဒေသခံများအား ( Facility Quarantine) ပြုလုပ် စောင့်ကြပ်ကြည့်ရှုရန် စီစဥ်ထားရှိသည့် ယာယီ တည်းခိုစခန်းတွင်ထားရှိသည့် သူများအနက်မှ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာ ၊ ရပ်ကွက် ( ၂) ရပ်ကွက် တို့မှကျား (၅) ဦး ၊ မ(၂) ဦး ၊ စုစုပေါင်း (၇) ဦး တို့သည် Quarantine ( ၂၁ ) ရက် ပြည့်မြောက်သဖြင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ညို ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေး ၊ မြို့နယ်ကျန်းမာရေးမှူး ဦးခင်မောင်သင်း တို့မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ နှင့် မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပါသည် ။

အဆိုပါ Facility Quarantine ရက်ပြည့်သည့် ( ၇ ) ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ရောဂါလက္ခဏာ ပေါ်ပေါက်ခြင်း ရှိ / မရှိ ( ၂၁ ) ရက် စောင့်ကြည့်၍ လိုက်နာဆောင်ရွက်ပြီးဖြစ်ကြောင်း ထောက်ခံချက်များ ပေးအပ်ခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button