ကိုရိုနာ ဗိုင်းရပ်စ်

မိုး​ကောင်းမြို့နယ်အတွင်း စား​သောက်ကုန်၅မျိုးဖြန့်​ဝေမှု

၁၁-၄-၂၀၂၀ရက်​နေ့ ၀၈၃၀ချိန်ခန့်မှ၁၁၃၀ချိန်ခန့်ထိCoronavirus Disease 2019(COVID-19)ကူးစက်ရောဂါကြောင့်မိုးကောင်းမြို့နယ်အတွင်းရှိပုံမှန်၀င်ငွေမရှိသောအခြေခံလူတန်းစားများအတွက်နိုင်ငံတော်မှအခမဲ့ဝေငှဖြန့်ဖြူးထောက်ပံ့ပေးအပ်သည့်အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးအားအိမ်ထောင်စု(၅၀)အောက်စာရင်းတင်ပြထားသည့်ကျေးရွာအုပ်စု(၁၄)အုပ်စုအနက်
(၁၀)အုပ်စုတွင်ဖြန့်ဝေပြီးစီးပြီးကျန်ကျေးရွာအုပ်စု(၄)အုပ်စုမှာလည်းယနေ့အပြီးဖြန့်ဝေနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါပြည်သူများသို့ဖြန့်ဝေပေးနေမှုအခြေအနေများကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦး၀င်းနိုင်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်မကြီး၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဒေါ်မြသွေးစံ၊မြို့နယ်ထောက်ပံ့ပစ္စည်းခွဲဝေပေးရေးနှင့်ကြီးကြပ်မှုကော်မတီဥက္ကဌ မနဥ ဦးရန်နိုင်ထွန်းနှင့်ကော်မတီ၀င်များသည်အဖွဲ့(၃)ဖွဲ့ခွဲကာလိုက်လံကွင်းဆင်းကြည့်ရှု့ကြီးကြပ်ခြင်း၊မြို့နယ်ထောက်ပံ့ပစ္စည်းခွဲဝေပေးရေးနှင့်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး သ/မ ဦးစီးအရာရှိ ဦးမျိုးခိုင် ဦးဆောင်သော၀န်ထမ်းများ၊ဒုမနဥ
ဦးဇေယျာစည်သူ ဦးဆောင်သော ထွေအုပ်၀န်ထမ်းများ၊မီးသတ်တပ်ဖွဲ့၀င်များ(သ‌န္ဓေ+အရန်)၊ကြက်ခြေနီတပ်တပ်ဖွဲ့ ၀င်များတို့သည်​ထွေအုပ်ရုံး၌၀၈၀၀ချိန်ခန့်မှစတင်ကာမိုး​ ​ကောင်းမြို့​ပေါ်၅ရပ်ကွက်နှင့်​ကျေးရွာအုပ်စု၄အုပ်စုသို့ပစ္စည်းများစနစ်တကျချိန်တွယ်ပြီးဖြန့်​ဝေ​ပေးခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button