
ကိုရိုနာ ဗိုင်းရပ်စ်
ယင်းမာပင်မြို့ အဝင် မုံရွာ-ပုလဲ-ဂန့်ဂေါသွားလမ်း ခရီးသွားယာဥ်များအား စိစစ်၍ ခရီးသည်များအား အပူချိန်တိုင်းတာ
(၂၁.၄.၂၀၂၀)ရက်နေ့ နံနက် ၀၆ ၀၀ မှ ၁၀ ၀၀ နာရီ အချိန်အထိ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အဝင် မုံရွာ-ပုလဲ-ဂန့်ဂေါသွားလမ်း ခရီးသွားယာဥ်များအား စိစစ်၍ ခရီးသည်များအား အပူချိန်တိုင်း တာခြင်း၊ covid-19 ရောဂါကာကွယ်ရေး ပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား မြို့နယ်ထွေအုပ်၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။