ကိုရိုနာ ဗိုင်းရပ်စ်

ကော့ကရိတ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်​ထောင်စုများအတွက် ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိအိမ်ထောင်စု (၃၀၇)စုအနက်မှ အိမ်ထောင်စု (၁၅၀)စုအတွက် ဖြန့်ဝေခြင်း

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်
—————————————————
(၁၁-၄-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်(၅)မျိုးအား ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်တို့မှ ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ဌာနဆိုင်ရာအဖွဲ့များ၊ မြို့နယ် COVID-19ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖတို့မှ ယနေ့တွင် ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိအိမ်ထောင်စု (၃၀၇)စုအနက်မှ အိမ်ထောင်စု (၁၅၀)စုတို့အတွက် ဖြန့်ဝေပေးခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button