အောင်လံမြို့နယ်၌ အပြင်ထွက်လျှင် mask တပ်ဆင်သွားလာရန်အတွက် အသိပညာ​ပေး

အောင်လံမြို့ ၊ တရော်ကုန်းရပ်ကွက်၊ အထက ၁ ရှေ့ ပြည်လမ်းပေါ်၌ မနဥ၊ မနရဲတပ်ဖွဲ့မှူး၊ မနလဝကဦးစီး၊ မနမီးသတ်ဦးစီး၊ ရပ်ကျေးအုပ်မှူးတို့မှ မြို့တွင်း သွားလာကြသူများ၊ မော်တော်ကား၊ ဆိုင်ကယ် စီးနင်းကြသူများအား Mask တပ်ဆင် သွားလာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြေညာချက်များအားလိုက်နာရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်များအား သိရှိနားလည်လိုက်နာစေရေး အသိပညာပေး ရှင်းလင်းခဲ့ပြီး  Mask မတပ်သူများအား Mask များပေးဝေခဲ့ပါသည်။

 

Exit mobile version