
တနိုင်းမြို့နယ်အတွင်းရှိ ပင်စင်စား မိဘပြည်သူများ ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိ ထုတ်ယူနိုင်ရေး ဆောင်ရွက်
၂၁.၄.၂၀၂၀ရက်နေ့တွင် ၀၉၀၀နာရီအချိန်တွင် covid- 19 ရောဂါထိန်းချုပ်ကာလအတွင်း ပင်စင်စားနိုင်ငံဝန်ထမ်းမိဘပြည်သူများ ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် တနိုင်းမြို့၊ ဟူးကောင်းခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်လာရောက်ထုတ်ယူသော မိဘပြည်သူများအား လက်ဆေးစင်များ ပြုလုပ်ပေးပြီး လက်ဆေးစေခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပေးခြင်း၊ ကိုယ့်အပူချိန်တိုင်းတာခြင်း၊စနစ်တကျနေရာချထားပေးခြင်းများ ဆောင်ရွက်ပြီး covid -19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မနဥ ဦးကျော်လွင်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများမှ mask များ ဝေငှပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး အိမ်ပြန်ရန်အခက်အခဲရှိသော ပင်စင်စား သက်ကြီးဘိုးဘွားများအား အိမ်အရောက်ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။