
ကိုရိုနာ ဗိုင်းရပ်စ်
စလင်းမြို့နယ်အတွင်း Facility Quarantine ထားရှိသည့် ဆင်ဖြူကျွန်းမြို့ အထကကျောင်းနှင့် ဖောင်းလင်းကျေးရွာအုပ်စု၊ ဖောင်းလင်းကျေးရွာ အထက-ခွဲကျောင်းများတွင် FQ နေထိုင်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှု အခြေအနေများကို စစ်ဆေး
(၂၁-၄-၂၀၂၀)ရက်နေ့ စလင်းမြို့နယ်အတွင်း Facility Quarantine ထားရှိသည့် ဆင်ဖြူကျွန်းမြို့ အထကကျောင်းနှင့် ဖောင်းလင်းကျေးရွာအုပ်စု၊ ဖောင်းလင်းကျေးရွာ အထက-ခွဲကျောင်းများတွင် FQ နေထိုင်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး FQ နေထိုင်သူများအနေ ဖြင့် FQ(၂၁)ရက်နေထိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီနေထိုင်ရေး မှာကြားခဲ့ပါသည်။