
ကိုရိုနာ ဗိုင်းရပ်စ်
ဆားလင်းကြီးမြို့နယ်အတွင်း Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေး
(၂၁-၄-၂၀၂၀)ရက်နေ့ ၀၈၀၀ အချိန်မှ ၁၀၀၀အချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ပခုက္ကူ-မုံရွာကားလမ်းပေါ် သွားလာနေသောပြည်သူ (၃၃၀)ဦးအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင် ကားလမ်းပေါ် သွားလာနေသောပြည်သူ (၃၅၂)ဦးအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် လေးထပ်ဘုန်းကြီးကျောင်းရှေ့၊ ဆားလင်းကြီး-ပေါင်းဝကားလမ်းပေါ် သွားလာနေသော ပြည်သူ (၃၂၅)ဦးအားလည်းကောင်း Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။