ကိုရိုနာ ဗိုင်းရပ်စ်

ဖာပွန်မြို့နယ်တွင် စား​သောက်ကုန် ၅မျိုး ဖြန့်​ဝေမှု

ဖာပွန်ခရိုင်၊ဖာပွန်မြို့တွင်ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအားဒုတိယနေ့အဖြစ်ဖာပွန်မြို့အတွင်းအိမ်ထောင်စု(၂၃၉)စုအားအခြေခံစားကုန်(၅)မျိုးထောက်ပံ့ခြင်းကိုနံနက်(၀၈၀၀)ချိန်ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းသန်းနိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးညွှန့်ဦး၊မြို့မိမြို့ဖများ၊နှင့်ခရိုင်မြို့နယ်(covid-19)ကော်မတီဝင်များ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့်အဖွဲ့(၃)ဖွဲ့ခွဲ၍ ကမမောင်းမြို့အတွင်းအိမ်ထောင်စု(၂၁၁)စုအားဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊မြို့အုပ်ချုပ်ရေးမှူး၊မြို့မိမြို့ဖများ၊(covid-19)ကော်မတီများဖြင့်အိမ်ထောင်စု(၂၁၁)စုအတွက်အဖွဲ့( ၂)ခွဲကာ( ၀၈၃၀)ချိန်မှစတင်၍တစ်အိမ်တက်ဆင်းထောက်ပံ့ပေးခဲ့ရာ(၁၁၀၀)ချိန်တွင်ပြီးစီးခဲ့ပါသည်။ ။ဖာပွန်ခရိုင်အတွင်းဒုတိယနေ့အဖြစ်အိမ်ထောင်စုစုစုပေါင်း(၄၅၀)စုအား(၁၅၀၀၀)ကျပ်တန်ဖိုးစီဖြင့်(၆၇၅၀၀၀၀)ကျပ်အားသုံစွဲကုန်ကျခဲ့ပါကြောင်းနှင့်(၁၂-၃-၂၀၂၀)ရက်နေ့၌ခရိုင်အတွင်းအိမ်ထောင်စု(၉၀၀ )စုအားဆက်လက်ဖြန့်ပေးသွားမည်ဖြစ်ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button