
ကိုရိုနာ ဗိုင်းရပ်စ်
နတ်မောက်မြို့နယ်၊ ယာယီစျေးနေရာများတွင် မီးသတ်ယာဥ်ဖြင့် ကလိုရင်းပိုးသတ် ဆေးဖျန်း
၂၁-၄-၂၀၂၀ ရက်နေ့ ၀၆၀၀ အချိန် ရွာမွန် ပပနတပ်နှင့် နတ်မောက်မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊စိတ်ဓာတ်ဖြူစင် ဂရုဏာရှင် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အထက(၂)FQ၊ ဆေးရုံ၊ စီးပွားဘဏ်၊ ကမ္ဘောဇဘဏ်၊ ဒီပင်္ကရာစာသင်တိုက်၊ ယာယီစျေးနေရာများတွင် ကလိုရင်းပိုးသတ်ဆေးရည်အား မီးသတ်ယာဥ်ဖြင့် ဖျန်းပက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး တြိဂံလမ်းဆုံနေရာတွင် အပြင်ထွက်ပါက Mask တပ်ဆင်ပြီးမှ သွားလာရေး အသံချဲ့စက်ဖြင့် အသိပေးကြေညာ၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask တပ်ဆင်လာခြင်း မရှိသူများအား အခမဲ့ တပ်ဆင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။