နတ်​မောက်မြို့နယ်၊ ယာယီစျေးနေရာများတွင် မီးသတ်ယာဥ်ဖြင့် ကလိုရင်းပိုးသတ် ​ဆေးဖျန်း

၂၁-၄-၂၀၂၀ ရက်​နေ့ ၀၆၀၀ အချိန် ရွာမွန် ပပနတပ်နှင့် နတ်​မောက်မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊စိတ်ဓာတ်ဖြူစင် ဂရုဏာရှင် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အထက(၂)FQ၊ ဆေးရုံ၊ စီးပွားဘဏ်၊ ကမ္ဘောဇဘဏ်၊ ဒီပင်္ကရာစာသင်တိုက်၊ ယာယီစျေးနေရာများတွင် ကလိုရင်းပိုးသတ်ဆေးရည်အား မီးသတ်ယာဥ်ဖြင့် ဖျန်းပက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး တြိဂံလမ်းဆုံနေရာတွင် အပြင်ထွက်ပါက Mask တပ်ဆင်ပြီးမှ သွားလာရေး အသံချဲ့စက်ဖြင့် အသိပေးကြေညာ၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask တပ်ဆင်လာခြင်း မရှိသူများအား အခမဲ့ တပ်ဆင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Exit mobile version