
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားလမ်း)တွင် ဈေးဝယ်လာသူများ လက်ဆေးရန်၊ အပူချိန်တိုင်းတာရန် ဆောင်ရွက်နေမှု၊ ဈေးသယ်၊ ဈေးဝယ်အားလုံး Mask တပ်ဆင်မှုရှိ/မရှိ အခြေအနေအား ကြည့်ရှုစစ်ဆေး
၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၂ရက်နေ့ နံနက်(၀၉၃၀)နာရီအချိန်တွင် မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးညီညီလွင်သည် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးသိန်းဝင်း၊အမှုဆောင်အရာရှိ ဦးဇော်ဇော်ထွန်းတို့နှင့်အတူ မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားလမ်း)တွင် ဈေးဝယ်လာသူများ လက်ဆေးရန်၊ အပူချိန်တိုင်းတာရန် ဆောင်ရွက်နေမှု၊ ဈေးသယ်၊ ဈေးဝယ်အားလုံး Mask တပ်ဆင်မှုရှိ/မရှိ အခြေအနေအား ကြည့်ရှုစစ်ဆေး အသိ ပညာပေးဆောင်ရွက်ခဲ့ကြပါသည်။