
ရမည်းသင်းမြို့နယ်၊ရွာတန်း
—————–
ဈေးကြီးစျေးနေ့(ဒုအကြိမ်)
—————-
၂၂-၄-၂၀၂၀ရက်နေ့ ၊၀၇၀၀နာရီ-၀၉၀၀နာရီ
covid-19 ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့်ထိန်းချုပ်နိုင်ရေးလုပ်ငန်း
အထောက်အကူပြုစေရန် မြို့နယ်ကော်မတီဆုံးဖြတ်ချက်ဖြင့်
လွှတ်တော်ကိုယ်စားလှယ်၊မြို့မိမြို့ဖ၊ထွေအုပ်၊ရဲတပ်ဖွဲ့၊စည်ပင်၊မီးသတ်၊ကြက်ခြေနီ၊နှင့်အုပ်ချုပ်ရေးမှူးများ၊စျေးမိစျေးဖများပါဝင်သောအဖွဲ့စုံဖြင့်အဖွဲ့(၃)ဖွဲ့ ခွဲကာ ဈေးဝင်ပေါက်(၂)ပေါက်နှင့် လမ်းဆုံနေရာ တွင်
နှာခေါင်းစည်းတပ်ဆင်လာခြင်းမရှိသူ(၆၃၃)ဦးအားလည်းကောင်း၊မြို့မစျေးကြီးတွင်ဒုမနဥ ဦးစီးအဖွဲ့စုံမှ(၁၅၀)ဦးအားလည်းကောင်း စုစုပေါင်း(၇၈၃)ဦးအားလည်းကောင်း ပညာပေး ဆွေးနွေးကာ mask တစ်ခုလျှင် (၅၀၀နှုန်း) ဖြင့် တပ်ဆင်စေခဲ့ပါသည်။