
အောင်လံမြို့နယ်အတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကောင်မတီဝင်များနှင့် မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်တို့မှ မိုးကောင်း-ရွှေညောင်ပင် တိုးဂိတ်နှင့် ရွာထောင်ရပ်ကွက် တာဂွ မြို့အ၀င်ဂိတ်များတွင် မြို့နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးများမှ ဝင်ရောက်လာသော မော်တော်ယာဥ်များပေါ်ရှိ ခရီးသွားပြည်သူများအား အပူချိန်တိုင်းတာစက်ဖြင့် စစ်ဆေးခြင်း၊ mask များ စနစ်တကျ အသုံးပြုရန် ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခြင်း၊ mask မတပ်ထားသူများအား အသိပညာပေးဆွေးနွေး၍ mask ပေးဝေခြင်း၊ မြို့ဝင်ဂိတ်များတွင် လက်ဆေးဘေစင်များ အသုံးပြုနိုင်ရန် စီမံပေးခြင်း စသည်တို့အား နေ့/ည စိစစ်ဆောင်ရွက်လျက်ရှိပါသည်။