
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဦးမြို့နယ် ယာယီဈေးတွင် covid-19 ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ
(၂၃-၄-၂၀၂၀)ရက်နေ့တွင် ချောင်းဦးမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ်ထားသော ပျံကျဈေး(ယာယီ)တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ သားငါးရောင်းချသူများအား လက်အိတ်များဝေခြင်း၊ ဈေးရောင်းဈေးဝယ်များအား Maskများ၊ Covid-19ရောဂါကာကွယ်ရေး ဈေးရောင်းဈေးဝယ်များလိုက်နာရမည့်အချက်များနှင့် HQနေရမည့်သူများလိုက်နာရမည့်အချက်များပါဝင်သည့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အပူချိန်တိုင်းတာခြင်းများဆောင်ရွက်ခဲ့ပါသည်။