
ကိုရိုနာ ဗိုင်းရပ်စ်
ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာတို့၌ ကျန်းမာရေးအခြေအနေ စစ်ဆေး
မြို့နယ်စီ/ခန့်ဥက္ကဌဦးသက်ထားမောင်စီမံမှုဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ထွေ/အုပ်ဒုဦးစီးတို့ပါ၀င်သောလှည့်ကင်းအဖွဲ့သည် (၂၃.၄.၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်အနေဖြင့် ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာ ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း၊ စီ/ခန့်ဥက္ကဌသည် မြို့အဝင်ဂိတ်နေရာအား သွားရောက်ကြည့်ရှုခြင်း၊ကျွန်းလှမြို့၊သစ်ရာမြိုင်ရပ်ကွက်ရှိ ရန်အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယာယီစျေးဖွင့်လှစ်ရောင်းချသည့်နေရာအား သွားရောက်စစ်ဆေးခြင်း၊စျေးသူစျေးသားများအား Maskများဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါသည်။