
ကိုရိုနာ ဗိုင်းရပ်စ်
ပူတာအိုမြို့နယ်အတွင်းရှိ Community Base Facility Quarantine များတွင် အတွင်းစည်းဆောင်ရွက်မည့်လူငယ်များနှင့်အသိပညာပေးကျယ်ကျယ်ပြန့်ပြန့် အပြင်စည်းဆောင်ရွက်မည့်လူငယ်Volunteerဒေသခံ ၈ဦးအားတွေ့ဆုံ
၂၃-၄-၂၀၂၀ရက်နေ့၊ နံနက် ၁၁၀၀အချိန် ပူတာအိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပူတာအိုမြို့နယ်အတွင်းရှိ Community Base Facility Quarantine များတွင် အတွင်းစည်းဆောင်ရွက်မည့်လူငယ်များနှင့်အသိပညာပေးကျယ်ကျယ်ပြန့်ပြန့် အပြင်စည်းဆောင်ရွက်မည့်လူငယ်Volunteerဒေသခံ ၈ဦးအားတွေ့ဆုံ၍ လူငယ်များဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်လက်ရှိဆောင်ရွက်ရမည့်လုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်၊မြို့နယ်ကျန်းမာရေးမှူးဦးကျော်မြင့်အောင် တို့မှဆွေးနွေးပြောကြားမှုပြုခဲ့ပါသည်။