
ကိုရိုနာ ဗိုင်းရပ်စ်
လှိုင်းဘွဲ့မြို့နယ် အတွင်း စားသောက်ကုန်၅မျိုး ထောက်ပံ့မှု
ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်သတင်း
……………………………………………….
၁၁.၄.၂၀၂၀ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့၊ (က)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၂၀၀)စုအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အဆင့် Covid-19ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ မြိုနယ်အုပ်ချပ်ရေးမှူး ဦးမင်းသိန်းနှင့် ကော်မတီဝင် ဌာနဆိုင်ရာများမှ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ပါသည်။