
ကိုရိုနာ ဗိုင်းရပ်စ်
ကလေးမြို့ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းတွင် စိမ်းလန်းစျေးရောင်းချနေမှုများအား စစ်ဆေး
ကလေးမြို့ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းတွင် စည်ပင်သာယာဦးစီးဌာနမှ ကြီးကြပ်၍ စိမ်းလန်းစျေးရောင်းချနေမှုများ ၊စျေးသူ/သားများ စျေးဝယ်လာပြည်သူများ အပူချိန်တိုင်းတာခြင်း ၊Mask တပ်ဆင်ထားခြင်း ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီရောင်းချကြရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီး ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် အဖွဲ့သည် ယနေ့ညနေပိုင်းတွင်သွားရောက်စစ်ဆေးပြီး Mask တပ်ဆင်ကြရန်နှင့် ၆ပေကွာ စည်းကမ်းတကျရောင်းချကြရန်မှာကြားခဲ့သည်။