
မင်းလှမြို့နယ်တွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် ယာဥ်မောင်းနှင်ရာတွင် mask တပ်ဆင်ရန် အသိပညာပေး
မင်းလှမြို့နယ်တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မင်းလှမြို့နယ် Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းလွင်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာပိုင်ခန့်နှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများ၊ မြိုနယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဉီးစီးမှူး ဦးဝေဖြိုးအောင်နှင့်တပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်း တို့ပူးပေါင်းအဖွဲ့မှ ပြည်သူ အနေဖြင့်မဖြစ်မနေ အပြင်အသွားအလာပြုလုပ်ပါက နှာခေါင်းစည်း(Mask)တပ်ဆင်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့ပါသည်။