ကိုရိုနာ ဗိုင်းရပ်စ်

ဖာပွန်မြို့နယ်Facility Quarantine Center ၌ ထားရှိသည့် စောင့်ကြည့်လူနာ ၁၁ ဦးသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် (၂၁)ရက် ပြည့်မြောက်ပြီဖြစ်သဖြင့် လက်မှတ်များ ထုတ်ပေး

(၂၃-၄-၂၀၂၀)ရက်နေ့တွင် ဖာပွန်ခရိုင်၊ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ ၊ အမှတ် ၃ ရပ်ကွက်၊ တိုက်နယ်ဆေးရုံ ၀န်ထမ်းအိမ်ရာရှိ Facility Quarantine Center ၌ ထားရှိသည့် စောင့်ကြည့်လူနာ ၁၁ ဦးသည် (၂၃-၄-၂၀၂၀) ရက်နေ့တွင် (၂၁)ရက် ပြည့်မြောက်ပြီဖြစ်သဖြင့် နေရပ်သို့ပြန်မည့်သူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ ဖာပွန်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်း၊ မြို့အုပ်ချုပ်ရေးမှူး၊ ကမမောင်းတိုက်နယ်ဆရာဝန် တို့မှ Quarantine ထားရှိရခြင်းနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်မှတ်များ ထုတ်ပေးခြင်း၊ မိမိဒေသသို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးအသိပညာနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား အသိပေးချပြနိုင်ရေး မှာကြားခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button