မတ္တရာမြို့နယ် covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လူနာအမှတ်( ၁၃၂)၏ ​နေအိမ်အား ပိုးသတ်ဆေးဖျန်း

(၂၄-၄-၂၀၂၀)ရက်နေ့ ၁၃၀၀ ချိန်တွင် မတ္တရာမြို့နယ်ရှိ လူနာအမှတ်(၁၃၂) အား မန္တလေးဆေးရုံကြီးသို့ သွားရောက်စဉ်ပွေ့ချီ၍ မော်တော်ယာဉ်ပေါ် တင်ဆောင်ပေးခဲ့သည့် ဆရာတော် ဥူးကေသရိန္ဒ၏ မတ္တရာမြို့၊ အမှတ်_၂ ရပ်ကွက် သာမဏေကျော်ကျောင်းတိုက်နှင့် လူနာ၏ နေအိမ်ဝန်းတို့အား မတ္တရာမြို့နယ် covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပိုးသတ်ဆေးဖျန်းခဲ့ပါသည်။

Exit mobile version