
ကိုရိုနာ ဗိုင်းရပ်စ်
ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးစျေးအတွင်း ရောင်းဝယ်နေကြသော ပျံကျစျေးသည်များ စနစ်တကျရောင်းချသွားနိုင်ရန် စီစဥ်ဆောင်ရွက်
၂၄-၄-၂၀၂၀ ရက်နေ့ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏လမ်းညွှန်မှု၊မြို့နယ် စည်ပင်သာယာကော်မတီ၏ကြီးကြပ်မှု ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် တောင်ဦးစျေးအတွင်းရောင်းဝယ်နေကြသော ပျံကျစျေးသည်များ စနစ်တကျရောင်းချသွားနိုင်ရန် တောင်ဦး အားကစားကွင်းတွင် စနစ်တကျလာရောက်ရောင်းချနိုင်ရေး ကွင်းဆင်းစီစဥ်ဆောင်ပေးလျက်ရှိပါသည်။