
မြို့နယ်စီ/ခန့်ဥက္ကဌဦးသက်ထားမောင်၏စီမံမှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ထွေ/အုပ်ဒုဦးစီးတို့ပါ၀င်သောလှည့်ကင်းအဖွဲ့သည်(၂၃.၄.၂၀၂၀)ရက်နေ့ည(၂၂၀၀)နာရီအချိန်မှစ၍မြို့အတွင်းလှည့်လည်စစ်ဆေးခြင်း၊ (၂၄.၄.၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်အနေဖြင့် ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာ၌ ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း၊ မြို့နယ်စီ/ခန့်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်စည်ပင်စျေးကော်မတီတို့သည် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိရန်အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယာယီစျေးဖွင့်လှစ်ရောင်းချမှုနှင့်ပတ်သတ်၍ စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း၊ မြို့နယ်ရေးပေါ်တုံ့ပြန်ကော်မတီအနေဖြင့် covid 19နှင့်ပတ်သတ်၍ ပိုစတာများ၊လက်ကမ်းစာစောင်များအား သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေပြီး သက်ဆိုင်ရာဌာနများမှတစ်ဆင့် ဆက်လက်ဖြန့်ဝေနိုင်ရေး လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။