ကိုရိုနာ ဗိုင်းရပ်စ်

ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်းမ​ပေါ်ရှိ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖွင့်လှစ်ထား​သော တပ်ကုန်းကျန်းမာ​ရေးစစ်​ဆေး​ရေးဂိတ်အား သွား​ရောက်၍ ကြည့်ရှုစစ်ဆေး

၂၄-၄-၂၀၂၀ရက်​နေ့၊ ၁၃၀၀ အချိန်တွင်မြို့နယ်စီ/ခန့်ဥက္ကဌဦးခိုင်လင်းနိုင်နှင့်စီခန့်အဖွဲ့၀င်များ မြို့နယ်ဆရာဝန်ကြီးတို့သည် ပင်လည်ဘူးမြို့နယ်၊ မိုး​ကောင်းရပ်ကွက်ရှိ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်၍ တားဆီးကာကွယ်ကုသနိုင်ရေး အတွက် Community Based Facility Quarantine Centre ဖွင့်လှစ်ထားသော ​မြို့မ(၁)အ.လ.ကစာသင်ကျောင်းတွင် စောင့်ကြည့်နေရပ်ပြန်များနှင့်တွေ့ဆုံကာ
ကျန်းမာ​ရေးစစ်​ဆေး​ပေးမှု၊ စနစ်တကျ​နေထိုင်​ရေးစီစဥ်​ဆောင်ရွက်ထားရှိမှု တို့အား ကြည့်ရှုစစ်​ဆေးခဲ့၍ ၁၄၃၀ အချိန်တွင် ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်းမ​ပေါ်ရှိ တပ်ကုန်းကျေးရွာတွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖွင့်လှစ်ထား​သော တပ်ကုန်းကျန်းမာ​ရေးစစ်​ဆေး​ရေးဂိတ်အား သွား​ရောက်၍ ကျန်းမာရေးစစ်ဆေးမှုများနှင့် အမည်စာရင်းများ ပြုစုထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button