မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားဈေး)ရှိ ဈေးသည်များအား စည်ပင်ဝန်ထမ်းများမှ အဝတ်စဖြင့် ချုပ်ထားသည့် နှာခေါင်းစည်းMask များအား လိုက်လံပေးဝေ

၂၀၂၀ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့ နံနက်(၀၈၀၀)နာရီအချိန်တွင် မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ ပြည်သူ့လွှတ်‌ တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်‌၊မော်လိုက်မြို့နယ်အုပ်ချုပ်‌‌ ရေးမှူး ဦးသက်မြင့်ဦး၊မြို့နယ်စည်ပင်သာယာ‌ ရေးကော်မတီဥက္ကဌ၊အမှုဆောင်အရာရှိနှင့်စည်ပင်ဝန်ထမ်းများ၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနဝန်ထမ်းများနှင့်အတူ မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားဈေး)ရှိ ဈေးသည်များအား စည်ပင်ဝန်ထမ်းများမှ အဝတ်စဖြင့် ချုပ်ထားသည့် နှာခေါင်းစည်းMask များအား လိုက်လံပေးဝေခဲ့ကြပါသည်။

 

Exit mobile version