မင်းလှမြို့နယ်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်တို့အား COVID -19 ကာလအတွင်း ဆွမ်းဘုန်းများ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီတို့ကို လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရှိ ဓမ္မိကစာသင်တိုက်၊ စာကြောစာသင်တိုက်၊ မလွန်ရေခါးစာသင်တိုက်၊ မြို့ပေါ်ရပ်ကွက်များမှ ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ကျောင်း၂၅ ကျောင်းနှင့် သီလရှင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း ၂၆ ကျောင်းရှိ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်တို့အား COVID -19 ကာလအတွင်း ဆွမ်းဘုန်းများ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီတို့ကို မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် လှူဒါန်းခဲ့ပါသည်။

 

Exit mobile version