
ကိုရိုနာ ဗိုင်းရပ်စ်
တံတားဦးမြို့နယ် COVID- 19ရောဂါထိန်း/တုံ့ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးလှဝင်းအောင်သည် ဈေးချိုကျေးရွာများမှ ဒေသထွက်ကုန်လုပ်ငန်းဖြစ်သည့် သရက်ချဉ် လုပ်ငန်းအလုပ်ရုံများသို့ သွားရောက်၍ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေး
၂၅-၄-၂၀၂၀ ရက်နေ့ ၁ဝ၀၀ချိန်မှ ၁၂ဝ၀ချိန်ထိ တံတားဦးမြို့နယ် COVID- 19ရောဂါထိန်း/တုံ့ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးလှဝင်းအောင်သည် ဈေးချိုကျေးရွာများမှ ဒေသထွက်ကုန်လုပ်ငန်းဖြစ်သည့် သရက်ချဉ် လုပ်ငန်းအလုပ်ရုံများသို့ သွားရောက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အမိန့်များ၊ဒေသန္တရအမိန့်နှင့် MOHS ၏ စက်ရုံ၊အလုပ်ရုံများ၊လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့လမ်းညွှန်ချက်(Version 3.0)နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ကျေးရွာစောင့်ကြည့်ရေးအဖွဲ့များ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် အတူ စစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။