
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့နယ်၌ ယာယီစျေးအတွင်း စျေးရောင်းချသူများအား ဌာနဆိုင်ရာဝန်ထမ်းများမှ ချုပ်လုပ်ပေးထားသည့် mask များ လိုက်လံဖြန့်ဝေ
မော်လိုက်မြို့နယ်၌ covid-19 တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၅-၄-၂၀၂၀ရက်နေ့ ၀၈၀၀ အချိန် ယာယီစျေးအတွင်း စျေးရောင်းချသူများကို ဌာနဆိုင်ရာဝန်ထမ်းများမှ ချုပ်လုပ်ပေးထားသည့် mask များအား လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်/မြို့နယ်စီခန့်အဖွဲ့များက လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး ပြန်ဆက်ဝန်ထမ်းများကလည်း ကျန်းမာရေးအသိပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြပါသည်။