
တလိုင်းယာ၊ ဇာဒီ၊ ပိန်းရှောင်၊ သစ်တိုထောင့်၊ ပုဂေါဇွန်း၊ သဗြေဇွန်း၊ မင်းဒပ်ကျေးရွာများတွင် ရေဖြူအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် နေအိမ်ပြင်ပသို့ထွက်လျှင် မဖြစ်မနေMaskတပ်၍သွားလာရန် အသိပညာပေး
ရေဖြူမြို့နယ်အနေဖြင့်(၂၆.၄.၂၀၂၀)ရက်နေ့၀၆၃၀နာရီအချိန်တွင်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့်မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးဌာနပူးပေါင်း၍ညင်းထွေးကျေးရွာစျေး၊ရေဖြူမြို့မစျေးရုံ၁၊၂တို့တွင်အသိပညာပေးခြင်း၊နံရံကပ်စာစောင်များကပ်ခြင်း ၊ ၀၉၀၀နာရီအချိန်ခန့်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်သောလူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်စန်း၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလှထွေး၊တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလုကာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသက်နိုင်ဦးတို့သည် ရေဖြူမြို့(ခ)ရပ်ကွက်ရှိ မီးသတ်ရုံးဝန်ထမ်းအိမ်ယာFQCသို့လည်းကောင်း ၊ ပုဂေါဇွန်းကျေးရွာအမကကျောင်းရှိFQCသို့လည်းကောင်း၊ ရလိုင်ကျေးရွာFQCသို့လည်းကောင်း ကွင်းဆင်းကြည့်ရှုခြင်းများဆောင်ရွက်ခြင်း၊ တလိုင်းယာ၊ ဇာဒီ၊ ပိန်းရှောင်၊ သစ်တိုထောင့်၊ ပုဂေါဇွန်း၊ သဗြေဇွန်း၊ မင်းဒပ်ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည်နေအိမ်ပြင်ပသို့ထွက်လျှင်မဖြစ်မနေMaskတပ်၍သွားလာရမည်ဖြစ်ကြောင်းအသိပညာပေးများဆောင်ရွက်ခဲ့ပါသည်။