
ကိုရိုနာ ဗိုင်းရပ်စ်
အပြင်ထွက်လျှင်နှာခေါင်းစည်း Mask တပ်ဆင်မှုမရှိပါက မင်းလှမြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးယူဆောင်ရွက်မည်ဖြစ်
မင်းလှမြို့နယ် COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့နံက် ၈ နာရီက မင်းလှမြို့ဘက်စုံလမ်းဆုံ၌ ပြည်သူများ အပြင်သို့အသွားအလာပြုလုပ်ရာတွင်နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများနှင့်မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းမရှိသူများအား အသိပညာပေး၍သတိ ပေးပြောကြားပြီး နှာခေါင်းစည်းMaskတပ်ဆင်မှုမရှိသူများအား နှာခေါင်းစည်းMaskများ အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။ မင်းလှမြို့နယ်အတွင်းရှိပြည်သူများသို့ အပြင်ထွက်လျှင် Maskတပ်ဆင်ရန်အတွက်အသိပညာပေးဆောင်ရွက်ပြီးဖြစ်ပါသဖြင့်အပြင်ထွက်လျှင်နှာခေါင်းစည်းMask တပ်ဆင်မှုမရှိပါက မင်းလှမြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှအရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။