
ကိုရိုနာ ဗိုင်းရပ်စ်
ဝန်းသိုမြို့၊ အထကခွဲ တပ်နယ်မြေ၌ ဖွင့်လှစ်ထားသော CBFQစခန်းသို့ စစ်ဆေးဆောင်ရွက်
၂၀၂၀ရက်နေ့ ဧပြီလ ၂၆ရက် ၊နံနက် ၁၁၀၀နာရီအချိန်တွင် ဝန်းသိုမြို့၊ အထကခွဲ တပ်နယ်မြေ၌ ဖွင့်လှစ်ထားသော CBFQစခန်းသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် သွားရောက်ကြည့်ရှုကာ ရေ၊မီး၊မိလ္လာ၊နေရေးထိုင်ရေးများ အဆင်ပြေစေရေး ညှိနှိုင်းဆွေးနွေးခဲ့ကာ နေ့လယ် ၁၄၀၀နာရီအချိန်တွင် ဝန်းသိုမြို့ စော်ဘွားကြီးရပ်ကွက် မူလတန်းလွန်ကျောင်းတွင် CBFQထပ်တိုးဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ေဆးကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။