
ကိုရိုနာ ဗိုင်းရပ်စ်
ကလေးဝမြို့တွင် စေတနာ့ဝန်ထမ်းများအား COVID-19 ဆိုင်ရာ ကျန်းမာရေးအသိပညာပေး သင်တန်းပို့ချ
၂၆-၄-၂၀၂၀ရက်နေ့ ၁၄၀၀နာရီအချိန် ကလေးဝမြို့ ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော စေတနာ့ဝန်ထမ်းများအား COVID-19 ဆိုင်ရာ ကျန်းမာရေးအသိပညာပေးသင်တန်းပို့ချသည့် အခမ်းအနားသို့ မြို့နယ် COVID-19ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ ကျန်းမာရေးဆိုင်ရာကုသရေးကော်မတီဥက္ကဌနှင့်လ/ထဆရာဝန်များမှ ဆွေးနွေးပို့ချခဲ့ပါသည်။