ကိုရိုနာ ဗိုင်းရပ်စ်

ကလေးဝမြို့နယ် ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ထူးကုမ္ပဏီ လုပ်ငန်းခွင် အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေး

၂၇-၄-၂၀၂၀ရက်​နေ့ ၀၈၃၀နာရီအချိန်တွင် ကလေးဝမြို့နယ် သစ်ချောက် အုပ်စု အတွင်း ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော
ထူးကုမ္ပဏီ လုပ်ကွက်သို့ မြို့နယ်စီခန့် ဥက္ကဌ ဦးဇော်လင်း ဦးဆောင်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ဆရာဝန်ကြီး ၊အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ၊ လဝက ၊သတ္တုတွင်း တို့မှ တာဝန်ရှိသူများက လုပ်ငန်းခွင် အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လုပ်ငန်းဆောင်ရွက်မှု၊ စားသောက်မှု ၊ နေထိုင်မှုတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button