ကိုရိုနာ ဗိုင်းရပ်စ်

တရုတ်ပြည်မှပြန်လာသောပုဂ္ဂိုလ်များအား အထက ကျွန်းလှတွင် ကျန်းမာရေးအခြေအနေစစ်ဆေး

(၂၇.၄.၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်အနေဖြင့် ကန့်ဘလူ-ကျွန်းလှ-ကောလင်း လမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာစသည့်နေရာများ၌ ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း ၊ကျန်းမာရေးဌာန၊ စည်ပင် နှင့်စားသုံးသူရေးရာဌာနတို့သည် မြို့နယ်ရှိအလုပ်ရုံ/ စက်ရုံများအား သွားရောက်ကြည့်ရှု့စစ်ဆေးခြင်း ၊ စေတနာ့၀န်ထမ်း volenteer စာရင်းပြုစုခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း၊ တရုတ်ပြည်မှပြန်လာသောပုဂ္ဂိုလ်များအား ကျွန်းလှမြို့သို့ ပြန်လည်ရောက်ရှိစေရေး စီမံဆောင်ရွက်ပြီး ရောက်ရှိချိန် အထက ကျွန်းလှတွင် ကျန်းမာရေးအခြေအနေစစ်ဆေးပေးခြင်း၊ ကျေးရွာများသို့ စနစ်တကျပြန်လည်ရောက်ရှိစေရေး စီမံဆောင်ရွက်ပေးခြင်း၊ ကျေးရွာသို့ ပြန်လည်ရောက်ရှိပါက Quarantine ထားရှိရန် ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများအား လမ်းညွှန်မှာကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button