
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဦးမြို့နယ် ဆင်ဖြူရှင်တံတားထိပ်တွင် မကွေးတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာသည့်ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေး
ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးစံပြကျေးရွာ၊ ဆင်ဖြူရှင်တံတားထိပ်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မကွေးတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာသည့်ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ (၂၇-၄-၂၀၂၀)ရက်နေ့ (၀၆၀၀)နာရီမှ (၁၈၀၀)နာရီအချိန်ထိ ကား(၂၃၂)စီး၊ လူဦးရေ (၄၀၃)ဦးအား စစ်ဆေး ဆောင်ရွက်နိုင်ခဲ့ပါသည်။