ဆားလင်းကြီးမြို့နယ်တွင် Covid-19 ​ရောဂါကာကွယ်နိုင်​ရေးအတွက် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်​ဆေး

(၂၈-၄-၂၀၂၀)ရက်နေ့ ၀၇၀၀နာရီ အချိန်မှ ၀၉၀၀နာရီအချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး​ရှေ့ ပခုက္ကူ-မုံရွာကားလမ်း​ပေါ် သွားလာ​နေ​သောပြည်သူ (၄၅၀)ဦးအားလည်း​ကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင်​ ကားလမ်း​ပေါ်  သွားလာ​နေ​သောပြည်သူ (၅၇၀)ဦးအားလည်း​ကောင်း၊ အမှတ်(၃)ရပ်ကွက် ​လေးထပ်​ဘုန်းကြီးကျောင်း​ရှေ့၊ ဆားလင်းကြီး-​ပေါင်းဝကားလမ်း​ပေါ် သွားလာ​နေ​သော ပြည်သူ (၄၁၀)ဦးအားလည်း​ကောင်း Covid -19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

Exit mobile version