မော်လမြိုင်တက္ကသိုလ် အဆောင်များတွင် (၂၁)ရက်တာ Community Based Facility Quarantine ​(CBFQ) နေထိုင်ခဲ့ပြီးသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ပြန်လည်စေလွှတ်

၂၈-၄-၂၀၂၀ရက်​နေ့၊  ၀၇၃၀နာရီအချိန်တွင် မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ် အဆောင်များတွင် (၂၁)ရက်တာ Community Based Facility Quarantine ​(CBFQ)နေထိုင်ခဲ့ပြီးသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ပြန်လည်စေလွှတ် ပို့ဆောင်ပေးခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီတပ်ဖွဲ့၊လူမှူရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး လိုအပ်ချက်များအား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

 

Exit mobile version