
ကိုရိုနာ ဗိုင်းရပ်စ်
မြင်းခြံမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကွင်းဆင်းစစ်ဆေးသည့်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
(၂၈.၄.၂၀၂၀) ရက်နေ့ (၁၃၄၅)နာရီအချိန်တွင် မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် သည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် တိုင်း(၁)လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့ကျန်းမာ၊ စည်ပင်၊ စက်မှုကြီးကြပ်၊ အလုပ်ဥပဒေ၊ အလုပ်ညွှန်တို့နှင့်အတူ စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကွင်းဆင်းစစ်ဆေးသည့်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။