
ကိုရိုနာ ဗိုင်းရပ်စ်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မှသာ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကွင်းဆင်း စစ်ဆေး
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မှသာ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များမှ ငါန်းဇွန်မြို့နယ် ၊ မန္တလေးမြို့သာစက်မှုဥယျာဥ်မြို့တော်တည်ဆောက်ရေးစီမံကိန်း အတွင်းရှိ စက်ရုံအလုပ်ရုံများအား ၂၇-၄-၂၀၂၀ ရက်နေ့တွင် စက်ရုံ(၆)ခု ၊ ၂၈-၄-၂၀၂၀ ရက်နေ့တွင် စက်ရုံ(၂)ခု၊ စုစုပေါင်း(၈)ခု တို့အား စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။